စာတတ်မြောက်မှုစွမ်းရည်များကို သင်ယူရရှိရန် အကောင်းဆုံးသောနည်းလမ်းကား အဘယ်နည်း။
သင်ခန်းစာများကို ဖတ်ရှုရန်အတွက် လမ်းညွှန်ချက်ပါရှိသော ကောင်းမွန်သည့်နည်းလမ်းတစ်ခုသည် အသံများကို ပေါင်း စပ်ပြီး စကားလုံးများဖန်တီးရာတွင်ရှိနေသည့် သဘောတရားကို ရှင်းလင်းပြတ်သားစေပါလိမ့်မည်။ အသံများကို တိကျစွာ အသုံးပြုခြင်းက အသံထွက်ကို ပိုမိုရှင်းလင်းစေကြောင်း ကျောင်းသားများကို သင်ကြားပေးပါလိမ့်မည်။
အသံများမည်သို့အတူတကွ ပေါင်းစပ်ရောယှက်သည်ကို ကျောင်းသားများသိရှိလာကြသည်နှင့်အမျှ သူတို့သည် အပြည့် အ၀ဖြစ်သော အဓိပ္ပာယ်ပြည့်စုံသော စကားလုံးများသည် စကားလုံးတည်ဆောက်မှုဖြစ်စဉ်တွင် ပေါင်းထည့်ခြင်း၊ နုတ်ပစ် ခြင်း၊ ဆွဲဆန့်ခြင်းနှင့်ရောနှောခြင်းတို့ ပြုလုပ်ထားသည့် ပိုမိုသေးငယ်သောအသံများ အစုအဝေးပင်ဖြစ်ကြောင်းကိုနား လည်လာကြသည်။ ထိုကြောင့် ထိုကျောင်းသားများက အက္ခရာများကို ကြည့်ရှုလေ့လာရန် ခရီးဆက်ရသော အချိန် ရောက်သောအခါတွင် သူတို့ သရုပ်ဖော်ပြသနိုင်သည်မှာ အက္ခရာများသည် အသံများကို ကိုယ်စားပြုသည့်အပြင် အသံများ သည်လည်း အသံထွက်၏ ရုပ်ပုံကားချပ်များအမှန်ဖြစ်ကြောင်းပင်ဖြစ်သည်။ ဤသည်မှာ အင်္ဂလိပ်ဘာသာစကားကို ဖတ်ရှု ရန် သင်ယူခြင်းလမ်းကြောင်းတွင် ကနဦးမရှိမဖြစ် အဆင့်ဖြစ်ပါသည်။
သို့ရာတွင် ၎င်းသည် မည်သည့်အကြောင်းကြောင့်မျှ ဤဇာတ်လမ်း၏ အဆုံးသတ်မဟုတ်ပါ။ အင်္ဂလိပ်ဆိုသည်မှာ ရောစပ် ထားသော ဘာသာစကားတစ်ခုဖြစ်ပြီး ၎င်း၏ သဒ္ဒါတည်ဆောက်ပုံများ၊ ၎င်း၏ ဖော်ပြထားသည့် အသွင်အပြင်များနှင့် ရှုပ် ထွေးမှုအရှိဆုံးဖြစ်သည့် စကားလုံးများကိုပြီးပြည့်စုံစေရန် ပေါင်းစပ်ထားသည့် အက္ခရာများသီကုံးမှု၏ အသံထွက်ဖြစ်စေ၊ အက္ခရာများ၏ ပေါင်းစပ်မှုများဖြစ်စေတို့အတွက် သဘောတူထားသည့် စည်းမျဉ်းစနစ် တစ်ရပ်မပါရှိပါ။
အက္ခရာ a ကိုဆွဲထုတ်လိုက်ပါ။ ၎င်းသည် cat၊ gate၊ was၊ any၊ tall၊ bath နှင့် area တို့ကဲ့သို့သော စကားလုံးများတွင် ခြားနားသော အသံအမျိုးမျိုးတို့ကို ကိုယ်စားပြုပါသည်။ သို့တည်းမဟုတ် ough ဟူသော အက္ခရာအစုအဝေးကို ဆွဲထုတ် လိုက်ပါ။ ၎င်းအက္ခရာများ၏ မှန်ကန်သောအသံထွက်ကိုသိရှိရန်မဖြစ်နိုင်ပါ။ cough ဟူသော စကားလုံးတွင် အသံများ မှာ /k/-/o/-/f/ အသံဖြစ်သည်။
ယခုတွင် bough ဟူသော စကားလုံးကိုဆွဲထုတ်လိုက်ပါ။ ထိုအသံများသည် ယခုအခါ (cow ဟူသောစကားလုံးတွင် အသံထွက်သကဲ့သို့) /b/-/ow/ဟု အသံထွက်ပြန်ပါသည်။ အလားတူအက္ခရာအစုအဝေးကို though၊ through နှင့် enough ဟူသော စကားလုံးများတွင် အင်္ဂလိပ်ဘာသာဖြင့် စာဖတ်နိုင်ခြင်းသည် အချိန်တိုင်းတို့တွင် အသံအစုအဝေးကို မည်သို့မှန်ကန်တိကျစွာ အသုံးပြုရမည်ကိုသိရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရကြောင်းကို တွေ့မြင်နိုင်ပါသည်။ ထိုသို့ပြုလုပ် နိုင်မှု မရှိခြင်းက စာဖတ်ရှုရန်ခက်ခဲမှုများကို မကြာခဏဖြစ်ပေါ်စေသည့် မှန်းဆယူရခြင်းနှင့် အသံထွက်ရန်ကြိုးစားအား ထုတ်မှုတွင် ကံကောင်းပါစေရန် မျှော်လင့်နေရခြင်းတို့ကို ဆိုလိုသည်။
အင်္ဂလိပ်ဘာသာစကားသည် စည်းမျဉ်းနှင့်ထိန်းချုပ်မှုမရှိသဖြင့် စည်းမျဉ်းများနှင့် သင်ယူခြင်းမပြုနိုင်ပါ။ လက်ရှိအချိန် ကာလတွင် ပညာသင်ပေးနေသူများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုမှာ အသံထွက်ကွင်းဆက်ကို မှန်ကန်တိကျစွာ ချဉ်းကပ် နိုင်စေရန် ကလေးများကို မည်သို့မည်ပုံ အားပေးတိုက်တွန်းရမည့် အကြောင်းပင်ဖြစ်သည်။ အခြေခံအုတ်မြစ်ကျသော လိုအပ်ချက်ဖြစ်သည့် အသံထွက်ဆိုင်ရာအစုအဝေးကို မှန်ကန်တိကျစွာ ထိန်းချုပ်နိုင်သည်နှင့်တပြိုင်နက် နောက်ထပ် စိန် ခေါ်မှုတစ်ခုမှာ ထိုကွင်းဆက်၏ မှန်ကန်တိကျသော အသံထွက်ကိုမည်သို့သောအားဖြင့် အာမခံပေးရန်ဆိုသည်ပင် ဖြစ် သည်။
အထက်ဖော်ပြပါ သာဓကတွင် တွေ့မြင်ခဲ့ရသည့်အလျှောက် ဆင်တူသော အက္ခရာအစုအဝေးတစ်ခုကို အသံထွက်ခြင်း သည် အမြဲတစေ တည့်တိုးဖြစ်မနေတတ်ပါ။ အင်္ဂလိပ်ဘာသာစကားရှိ စကားလုံးပေါင်းများစွာတို့သည် အသံထွက်နှင့် ပတ် သက်ပြီး ကြိုတင်ခန့်မှန်းထား၍မရနိုင်ပါ။ အက္ခရာများအုပ်စုသည် ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိသည့် နည်းလမ်းများဖြင့် ပေါင်းစပ်စုဝေးသောအချိန်တွင် ပေါ်ပေါက်လာနိုင်သည့် စိတ်ရှုပ်ထွေးမှုနှင့် မရေရာမှုများကို ဖယ်ရှားပေးနိုင်မည့် လမ်းညွှန် ချက်ပါရှိသော ချဉ်းကပ်မှုတစ်ရပ်ကိုဖန်တီးရန် အချိန်အထိုက်အလျှောက်ယူရမည့် လိုအပ်ချက်တစ်ရပ် ရှိနေခဲ့ပါသည်။
ကလေးများသည် (ဥပမာ) cough ကဲ့သို့သောစကားလုံးမျိုးတွင် /off/ သို့မဟုတ် /ow/ဟု အသံထွက်ရမည်ကို သိရှိရ ပါမည်။ ထို့အပြင် စာဖြင့်ရေးသားထားသော အင်္ဂလိပ်ဘာသာစကားရှိ စကားလုံးများစွာတို့တွင် သက်ဆိုင်ရာစကားလုံး၏ အသံထွက်ကို သိသိသာသာပင် ပံ့ပိုးထည့်ဝင်ခြင်းမရှိသည့် အက္ခရာများပါရှိတတ်ပါသည်။ ထိုသို့ပါရှိခြင်းက မည်သည့် ကျောင်းသားအတွက်မဆို စိတ်ရှုပ်ထွေးမှုနှင့် စာဖတ်ရှုမှုအခက်အခဲများသို့ ဆိုက်ရောက်စေနိုင်ပါသည်။ apple ကဲ့သို့သော စကားလုံးတစ်လုံးကို အသံသုံးသံတို့ အားလုံးပါရှိသည့် /apl/ဟုသာ အလွယ်ရေးနိုင်ပြီး ကျန်ရှိသောအက္ခရာနှစ်လုံးဖြစ် သည့် /p/နှင့်/e/တို့ကို ဖယ်ရှားလိုက်နိုင်ပါသည်။
သမိုင်းကြောင်းဆိုင်ရာ သဘောတူညီချက်များကို ဆန့်ကျင်ရန်မှာမလွယ်ကူသော်လည်း အချို့တို့က ကြိုးစားခဲ့ကြသကဲ့သို့ အောင်မြင်ခဲ့သည်များလည်းရှိပါသည်။ ၀က်ဘ်စတာ (Webster) က စာဖြင့်ရေးသားသော အင်္ဂလိပ်ဘာသာစကားတွင် မူမမှန်သည်များကို ဖယ်ရှားခဲ့ပြီး ဥပမာ - colour မှ color သို့ ပြောင်းလဲခဲ့သော်လည်း ဖြစ်အင်မှာကား စာဖြင့်ရေးသား သော ဗြိတိသျှသုံး အင်္ဂလိပ်ဘာသာစကားနှင့် စာဖြင့်ရေးသားသော အမေရိကန်သုံး အင်္ဂလိပ်ဘာသာစကားတို့ကြားတွင် ခြားနားမှုများရှိနေလင့်ကစား ၁၇ ရာစုက အစပြုခဲ့သည့် စာလုံးပေါင်းသတ်ပုံဆိုင်ရာ သဘောတူညီချက်များက ရှိမြဲတိုင်း ရှိ နေဆဲဖြစ်သည်။